Petty Cash Feature of Jarviz Application ရဲ့ အကျိုးကျေးဇူးများ

အသေးသုံးငွေ ( Petty Cash ) ဆိုသည်မှ ာ ကုမ္ပဏီ၏ ရုံးများတွင် အသေးအဖွဲ အသုံးစရိတ်များအတွက် ပေးချေရန် အသုံးပြုသည့် ငွေပမာဏအနည်းငယ်သာ ဖြစ်သည်။ပုံမှန်အားဖြင့် ကုမ္ပဏီများသည် သေးငယ်သော အထွေထွေ အသုံးစရိတ်များကို အသေးစားသုံး ငွေထိန်းသိမ်းသူထံမှာ ငွေများကို ထိန်းသိမ်း ထားကြသည်။

အသေးသုံးငွေ ( သို့ ) အသေးသုံးငွေရန်ပုံငွေသည် ချက်လက်မှတ် တစ်ခုရေးရန် အတွက် အလွန် သေးငယ်သော ကုန်ကျစရိတ်များကို ပေးဆောင်ရာတွင် အသုံးပြုသော ငွေ အသေးစား ပမာဏ ဖြစ်သည်။ကြီးမား ကျယ်ပြန့်လာ​​ေသာ ကော်ပိုရေးရှင်းများအတွက် ဌာနတစ်ခုချင်းစီတွင် သေးငယ်သော ငွေပမာဏ ( သို့ )  သေးငယ်သော ငွေကြေးရန်ပုံငွေကို ရုံးသုံးပစ္စည်းများ၊ ဖောက်သည်များအတွက်ကဒ်များ၊ ၀န်ထမ်းများအတွက် နေ့လည်စာအတွက် ပေးဆောင်ခြင်း( သို့မဟုတ် )၀န်ထမ်းများကို ကုန်ကျစရိတ်များ ပြန်လည် ပေးဆောင်ရန် အတွက် အသုံးပြုနိုင်သည်။

စီးပွားရေး လုပ်ငန်းများ အတွက် အသေးသုံးငွေများကို အသုံးပြုရာတွင် လွယ်ကူစွာ အသုံးပြုနိုင်ရန် အတွက် Petty Cash feature of Jarviz Applicationမှာ မှ ကူညီနိုင်မှာ ဖြစ်ပါသည်။ ကောင်းမွန်သော အတွင်းပိုင်း ထိန်းချုပ်မှု စနစ်ကို အသုံးပြုပြီး ငွေရှင်းတန်းများကို ခက်ခက်ခဲခဲ မှတ်သား သိမ်းဆည်း စရာမလိုတော့ပဲ  Petty Cash feature of Jarviz Application မှာ လွယ်ကူစွာ အသုံးပြု နိုင်မည် ဖြစ်ပါသည်။Petty Cash feature of Jarviz Application မှတဆင့် ဝန်ထမ် း တစ်ဦးချင်းမှ လုပ်ငန်း အတွက် အသေးသုံးဖို့ လိုအပ်သော အသေးသုံးငွေများ ( ဥပမာ – ယာဉ် ရပ်နားခ၊ ခရီးသွားလာ စရိတ်၊ စား စရိတ် ၊ လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲ) ကို အသေးသုံးငွေ ကိုင်ဆိုင်သူ ( သို့မဟုတ် HR Team) ထံတွင် လွယ်ကူစွာ တောင်းခံနိုင်မည် ဖြစ်ပါသည်။ အသေးသုံးငွေရန်ပုံငွေသည် ရံဖန်ရံခါ ပြန်လည် ညှိနှိုင်းပြီး ရန်ပုံငွေ၏ လက်ကျန် မှန်ကန်မှု ရှိ၊မရှိ ကို Petty Cash feature of Jarviz Application မှာ လွယ်ကူစွာ သိရှိနိုင်မှာ ဖြစ်ပါသည်။Mobile phone ဖြင့် ချက်လက်မှတ် ကဲ့သို့သော ငွေလက်ငင်း ဖြတ်ပိုင်းများကို လွယ်ကူစွာ သိမ်းဆည်း နိုင်သောကြောင့် ပျက်ဆီး ပျောက်ပျက်မှာ စိတ်ပူစရာ မလိုအပ်တော့ပဲ လွယ်လွယ်ကူကူ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Petty Cash feature of Jarviz Application ရဲ့ အကျိုး ကျေးဇူးများကို အောက်မှာ ဖော်ပြထားပါသည်။

  • စီးပွားရေး လုပ်ငန်းများ စိုးရိမ် ပူပန်စရာ မလိုပဲ အသေးသုံးငွေစာရင်း အမြောက် အများကို လွယ်ကူစွာ​ သိမ်းထားနိုင်ခြင်း။
  • ငွေကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူခြင်း။
  • Mobile phone camera ဖြင့် မှတ်တမ်း တင်ခြင်းနှင့် အကောင့် မှတ်တမ်း တင်ခြင်း လုပ်ငန်းများတွင် စနစ်များ ပိုများလာခြင်း။
  • စီစစ် တိကျမှုနှင့်သက်သေ အထောက်အထား အဖြစ် အသုံးပြုနိုင်ခြင်း။

စသည့် အကျိုး ကျေးဇူး များစွာ ရရှိနိုင်ပါသသည်။

ဒါ့အပြင် Attendance, Leave Request, Petty Cash , Operation Log Features တွေလဲ ပါဝင် သောကြောင့် HRတိုင်းအတွက် အလွန် အကျိုးပြုစေမယ့် Mobile Application တစ်ခုဆိုတာ အသေချာပဲ ဖြစ်ပါတယ်။

Jarviz Application ကို သုံးစွဲချင်တယ်ဆိုရင် App Store (သို့) Google Play Store မှာ အခမဲ့ download လုပ်နိုင်ပါတယ်ခင်ဗျာ။

iOS အသုံးပြုသူများအတွက် Apps.Apple တွင် download လုပ်နိုင်ပါတယ်။

Android ဖုန်းအသုံးပြုသူများ playstore တွင် လုပ်နိုင်ပါတယ်။

JarvizMyanmar facebook Page တွင်လဲ  သွားရောက်ကြည့်ရှုနိုင်ပါသည်။

Jarvizapp.com တွင်လဲ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်အချက်အလက်များကို သိလိုပါက ဖုန်းနံပါတ် ၀၉၄၀၂၆၇၀၄၁၈ (သို့) rain@fusionsol.com သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Related Posts