New Employee

၁။ ဝန်ထမ်းအသစ်ကို ထပ်ထည့်မယ်ဆိုရင် User Management Menu က New Employee ကို နှိပ်ပါ။

၂။ ဝန်ထမ်း၏ အချက်အလက်များကို ဖြည့်ပါ။ အကယ်၍ အကွက်သည် * အနီရောင်ဖြစ်နေပါက အလွတ်မထားပဲ အချက်အလက်များ ပြည့်စုံအောင် ဖြည့်ပါ။ ထို့နောက် Add button ကို နှိပ်ပါ။

၃။ ဝန်ထမ်းအသစ်၏ အချက်အလက်များသည် ဇယားတွင် ပေါ်လာလိမ့်မည်။ Web တွင် ဖန်တီးထားသော Account ကို မိုဘိုင်းတွင် အသုံးပြုနိုင်သည်။

Edit Employee

၁။ ဝန်ထမ်း၏ အချက်အလက်များကို ပြင်ဆင်လိုပါက အောက်ဖော်ပြပါ ပုံကို နိုပ်ပါ။

၂။ Password (သို့)အခြားအချက်အလက်များ ပြင်ဆင်ပြီးပါက Update ကို နှိပ်ပြီး Ok ကို နှိပ်ပါ။

Delete Employee

၁။ ဝန်ထမ်းကို ဖယ်ဖျက်လိုပါက အမှားခြစ် button ကို နှိပ်ပါ။

၂။ ထို့နောက် Popup တစ်ခုပေါ်လာသောအခါ Remove ကို နှိပ်ပါ။ ဝန်ထမ်းအချက်အလက်ကို အောင်မြင်စွာ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း Popup တစ်ခုပေါ်လာပါလိမ့်မည်။