Add Announcement

၁။ Jarviz Website ၏ ပင်မစာမျက်နှာရောက်သောအခါ ပထမဆုံးစာမျက်နှာသည် Announcement ဖြစ်ပါသည်။ ကုမ္ပဏီသတင်းများကို ကြေငြာလိုပါက New announcement ကို နှိပ်ပါ။

၂။ Title တွင် သတင်းခေါင်းစဉ်ကို ဖြည့်ပြီး Detail တွင် သတင်းအချက်အလက်အပြည့်အစုံကို ​ရေးပါ။ ထို့နောက် ဓာတ်ပုံထည့်ရန်အတွက် browse ကို နှိပ်ပါ။

၃။ Windows Explorer ပေါ်လာပြီး ကိုယ်ထည့်ချင်သော ဓာတ်ပုံကို ရွေး၍ Open ကို နှိပ်ပါ။

၄။ ကိုယ်ရွေးထားသော ဓာတ်ပုံပေါ်လာမည်ဖြစ်သည်။ ထို့နောက် သတင်းကြေငြာလိုသည့် ကြာချိန်ကို သတ်မှတ်ပြီး Update ကို နှိပ်ပါ။

*** မှတ်ချက် *** အကယ်၍ အချိန်ကန့်သတ်ချက်သက်တမ်းကုန်သွားလျှင် သတင်းကြေငြာချက်ကို မိုဘိုင်းနှင့်ဝက်ဘ်ပေါ်တွင်ဖော်ပြမည်မဟုတ်သော်လည်း စနစ်အတွင်းသိမ်းဆည်းထားမည်။

၅။ သတင်းတင်ပြီးသည့်နောက်တွင် Web နှင့် Mobile ပေါ်၌ သတင်းပေါ်လာလိမ့်မည်။

Edit Announcement

၁။ အကယ်၍ သတင်းကို ပြန်လည်ပြင်ဆင်လိုပါက ပုံတွင် ပြထားသည့် နေရာကို နှိပ်ပါ။

၂။ သတင်းကို ပြန်လည်ပြင်ဆင်ရေးသားပြီးပါက Update ကို နှိပ်ပါ။

Delete Announcement

၁။ အကယ်၍ သတင်းကို ဖျက်လိုပါက ပုံတွင် ပြထားသည့် နေရာကို နှိပ်ပါ။

၂။ သင် သတင်းကြေငြာချက်ကို ဖျက်ချင်ပါလား ဆိုတသည့် Popup တက်လာပါလိမ့်မည်။ ဖျက်ချင်သည်ဆိုပါက Remove ကို နှိပ်ပါ။

၃။ သတင်းကြေငြာချက်ကို ဖျက်သိမ်းပြီးကြောင်း Popup တစ်ခု တက်လာပါမည်။