Covid 19 မကူးစက်အောင် ဘယ်လို ကာကွယ်မလဲ?

COVID-19 ရောဂါပိုး ခေါ် Coronavirus ကို ဒီဇင်ဘာ 2019 တရုတ်နိုင်ငံ Wuhan မြို့ မှာ စတင်တွေ့ရှိခဲ့ပါတယ်။ COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကမ္ဘာ့ကပ်ရောဂါ အဖြစ် (၁၁.၃.၂၀၂၀)ရက်နေ့တွင် သတ်မှတ်ခဲ့ပါတယ်။ ယခုဆိုလျှင် ကမ္ဘာ့နိုင်ငံပေါင်း ၂၁၃ ၌ ဖြစ်ပွားလျက် ရှိပြီး ကမ္ဘာတလွှား ရောဂါကူးစက်ခံရသူ ပေါင်း ၄.၇ သန်းကျော်၊ သေဆုံးသူပေါင်း ၃.၁ သိန်းကျော်ရှိသွားပါပြီ။ လက်ရှိ ၁၇.၅.၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၁၁.၃၀ နာရီအထိ ရရှိသောစာရင်းများအရ မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ ၁၈၂ ဦး၊ ရောဂါပိုးကင်းစင်သူ  ၉၅ ဦး၊ သေဆုံးသူ ၆ ဦးထိ ရှိပါတယ်။ COVID-19 ရောဂါပိုး ဟာ လူမျိုးဘာသာ မရွေး၊အသက်အရွယ် မရွေး၊ကျား/မ မရွေး လူတိုင်း ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကူးစက်မခံချင်ရင် သင်ကိုယ်တိုင် ဂရုစိုက်နေရုံနဲ့မပြီးဘဲ သင့်ပတ်ဝန်းကျင်က လူတိုင်းကပါ ဂရုတစိုက် လိုက်ပါကာကွယ်ဖို့ လိုအပ်ပါတယ်။

COVID-19 ရဲ့ ရောဂါလက္ခဏာများ

Coronavirus ကူးစက်ခံထားရရင် အောက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်ပါတယ်။

-ကိုယ်အပူချိန် မြင့်မားခြင်း

– ချောင်းဆိုး နှာစေးခြင်း

– ချမ်းတုန်ခြင်း

– ခေါင်းကိုက်ခြင်း

– လည်ချောင်းနာခြင်း

– အသက်ရှုခက်ခဲခြင်း တို့ဖြစ်ပါတယ်။

မှတ်ချက် ။      ။ အထက်ပါ လက္ခဏာပြတိုင်းလဲ COVID-19 ကူးစက်ခံထားရခြင်း မဟုတ်ပါ။ ဒါပေမယ့် အဆိုပါလက္ခဏာတွေ ပြနေပြီဆိုရင်တော့ နီးစပ်ရာ Fever Clinic သို့ အမြန်ဆုံး သွားရောက်ကုသပြီး စစ်ဆေးမှုကို ခံယူသင့်ပါတယ်။

ဘယ်သူတွေက ကူးစက်ခံရနိုင်ခြေ အရှိဆုံးလဲ?

COVID-19 ရောဂါပိုး ဟာ လူတိုင်း ကူးစက်ခံရနိုင်တယ်ဆိုပေမယ့် နဂိုရောဂါအခံ ရှိတဲ့လူတွေ အသက်ကြီးလို့ ကိုယ်ခံအား မကောင်းတဲ့လူတွေဟာ ပိုပြီး ထိခိုက်နိုင်ပါတယ်။ ဥပမာ-

-နှလုံးနဲ့ပတ်သက်ပြီး ရောဂါအခံ ရှိတဲ့လူတွေ

-ဆီးချိုရောဂါ ရှိတဲ့လူတွေ

–သွေးတိုးရောပါ ရှိတဲ့သူတွေ

-အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့လူတွေ -ကိုယ်ခံအားနည်းတဲ့ လူတွေ အများဆုံး ကူးစက်ခံရနိုင်ပါတယ်။

COVID-19 ဟာဘယ်လို ကူးစက်သလဲ

COVID-19 ရောဂါပိုး ဟာ ရောဂါပိုးရှိသူတစ်ဦးမှ နှာချေ၊ ချောင်းဆိုးရာမှတဆင့် ထွက်လာတဲ့ အမှုန်အမွှား တံတွေးစက်တွေကနေ တဆင့် အများဆုံး ကူးစက်တာပါ။ သင့်အနေနဲ့ COVID-19 ကူးစက်ခံထားရတဲ့ လူတယောက်နဲ့ အနီးကပ်နေထိုင် ဆက်ဆံမိရင် သင့်ကိုပါ ကူးစက်နိုင်ပါတယ်။ COVID-19 ကူးစက်ခံထားရတဲ့ လူရဲ့ပါးစပ်ထဲကထွက်လာတဲ့ တံတွေးစက်တွေ ပေကျံနေတဲ့ နေရာတွေ ပစ္စည်းတွေကို ကိုင်မိရင်လဲ အဆိုပါ ဗိုင်းရပ်စ်ဟာ မိမိရဲ့လက်မှာ ကပ်ပါလာတတ်ပါတယ်။ ဒါပေမယ့် virus ဟာ လူရဲ့အရေပြားကို ထိုးဖောက်ပြီး မဝင်နိုင်တာဖြစ်လို့ သင့်အနေနဲ့ ဗိုင်းရပ်စ် သယ်ဆောင်ထားသောလက်ဖြင့် ပါးစပ်၊ မျက်လုံး၊  နှာခေါင်းတို့ကို မထိတွေ့မိဖို့ဘဲ လိုပါတယ်။

Covid 19 မကူးစက်အောင် ဘယ်လို ကာကွယ်မလဲ ?

အရေးအကြီးဆုံးအချက်က လက်ကို မကြာခဏဆေးနေပေးဖို့ပါပဲ။ လက်ဆေးရာမှာ အကောင်းဆုံးက တော့  ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး စက္ကန့် ၂၀ ခန့် ပွတ်တိုက် ဆေးကြောပေးပါ။ လက်ဆေးတာဟာ လက်မှာကပ်နေတဲ့ virus တွေကို သေစေနိုင်တာကြောင့် လက်ဆေးခြင်းဖြင့် virus ကူးစက်ခံရခြင်းကို ကာကွယ်နိုင်ပါတယ်။ လက်အလွယ်တကူ ဆေးလို့မရနိုင်တဲ့ နေရာတွေမှာဆိုရင် Alcohol ပါဝင်တဲ့ Hand Gel, Hand Sanitizer တို့ကို အသုံးပြုနိုင်ပါတယ်။ လက်မဆေးဘဲ မိမိမျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိခြင်းမှာရှောင်ပါ။ လူစုလူဝေးတွေ၊ လူများတဲ့ နေရာတွေကို ရှောင်ကိုရှောင်ဖို့ လိုအပ်ပါတယ်။ တတ်နိုင်သမျှ အိမ်မှာ နေပြီး မလိုအပ်ပဲ အိမ်အပြင်ကို မထွက်ပါနဲ့။ အရေးကြီးကိစ္စရှိလို့ အပြင်သွားရမယ်ဆိုရင် Mask တပ်ပါ။ တခြားသူများနဲ့ အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ပါ။ ၆ပေ အကွာမှ ခပ်ခွာခွာနေပြီး Social Distancing ကို တတ်နိုင်သမျှ လုပ်ပါ။

လူတွေနဲ့ ခပ်ဝေးဝေး နေပါ။ အပြင်သွားလျှင် လှေကားလက်ရန်းကဲ့သို့သော အရာမျိုး ဘယ်နေရာမှ လက်ဖြင့် မကိုင်မိအောင် သတိထားပါ။   ခန္ဓာကိုယ်က ခုခံတိုက်ဖျက်ရေး စနစ် (Immune System) ကောင်းနေရင် တော်ရုံ ဘာရောဂါ မှ မဝင် ရောက်နိုင်ပါဘူးနော်။ ဒါကြောင့် ကိုယ်ခံအားကောင်းမွန်အောင် သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာများနဲ့ အသီးအနှံများ သုံးဆောင်ပေးကြပါ။ Vitamin C ၊ ဟင်းသီးဟင်းရွက် ၊ဒိန်ချဉ်၊ အသား၊ငါးတို့ကို မျှတစွာစားပေးပါ။ ရေ များများသောက် ပေးပါ။ အနည်းဆုံး (၇-၈) နာရီ ခန့် အိပ်ရေး ဝအောင် အိပ်ပေးဖို့ အရေးကြီးပါတယ်။

Coronavirus ကူးစက်ခံရတဲ့လူ 80% လောက်ဟာ မပြင်းထန်တဲ့ ရောဂါအခြေအနေကိုသာ ရင်ဆိုင်ရပြီး အထူးကုသမှု ခံယူစရာမလိုဘဲနဲ့ပင် ပြန်လည် ကောင်းမွန်လာတတ်ကြပါတယ်။ ကူးစက်ခံရသူ 15% လောက်ဟာ ရောဂါအခြေအနေကို အလယ်အလတ်လောက် ခံစားရနိုင်ပါတယ်။ ကူးစက်ခံရသူ 5% လောက်တော့  ပြင်းထန်တဲ့ ရောဂါလက္ခဏာကို ခံစားရပြီး အလွန်အမင်း ဖျားနာတာမျိုး တွေ့ကြုံရနိုင်ပါတယ်။ COVID-19 ရောဂါဟာ ကမ္ဘာပေါ်ရှိ နေရာဒေသမရွေး ကူးစက်နိုင်ပါတယ်၊ ပူတဲ့ဒေသမှာလည်း ကူးနိုင်သလို အေးတဲ့ဒေသမှာ လည်း ကူးနိုင်ပါတယ်။ COVID-19 ရောဂါဟာ ခြင်မှတစ်ဆင့် မကူးစက်နိုင်ပါ။ အဖျားတိုင်းခြင်းကြောင့် COVID-19 ရှိ မရှိ မသိနိုင်ပါ၊ အပူချိန်မြင့်မားခြင်းဟာ COVID-19 ရဲ့ ရောဂါလက္ခဏာ ဖြစ်တာကြောင့် အပူချိန်စစ်ဆေးခြင်း သာ ဖြစ်ပါတယ်။ ဖျားနာတုပ်ကွေး ဖြစ်ပြီး အသက်ရှုရခက်တာမျိုး ရှိလာလျှင် ဆရာဝန် နဲ့ အမြန်ဆုံး ပြသဖို့ အကြံပေးချင်ပါတယ်။ Covid 19 ရောဂါ မကူးစက်အောင် မိမိကိုယ်ကို ကာကွယ်တာအပြင် ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင်ကို ဘယ်လို ကာကွယ်ရမလဲဆိုတာ သိဖို့ အလွန်အရေးကြီးပါတယ်။

အခြားစိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများကို  ဖတ်ရှုလိုပါက Jarvizapp.com (သို့) Jarviz Myanmar facebook Page တွင်သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Related Posts