Fingerprint Machine ဟာ ဝန်ထမ်းတိုင်းသိတဲ့ လုပ်ငန်းခွင်သုံးပစ္စည်းဖြစ်ပြီး အလုပ်မစမီ နေ့စဥ်အချိန်တိုင်း နာရီကြည့်ပြီး အလုပ်ဝင်ကြရတယ်။ ဒါပေမယ့် အခု 2023 မှာ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ်ကို စတင်အသုံးပြုနေကြပြီဖြစ်တဲ့အတွက် လုပ်ငန်းများအားလုံး အရင်ကထက် ပိုအဆင်ပြေလာကြပါပြီ။ ၎င်း system ဟာ သင်ဘယ်နေရာမှာပဲရှိနေပါစေ အလွယ်တကူ ရုံးတက်၊ရုံးဆင်း လုပ်နိုင်တဲ့အတွက် HR ဌာနရဲ့အလုပ်တွေမှာ ကြီးမားတဲ့အကူအညီတစ်ခု ဖြစ်လာပါတယ်။ သင့်အလုပ်ချိန်ကို လည်း ထည့်သွင်းနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုလုပ်ဆောင်ရမည်ကို လူတိုင်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
အလုပ်ချိန်ကိုထည့်သွင်းလို့ရတဲ့ လက်ဗွေစက် နဲ့ အွန်လိုင်းအချိန်တက်ရောက်မှုစနစ် ဘယ်လို ကွဲပြားကြလဲ?။
Fingerprint Machine တွေဟာ အချိန်ကြာမြင့်စွာ အလုပ်ချိန်များကို မှတ်တမ်းတင်ရာမှာ အထောက်အကူဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ဝန်ထမ်းတွေ ရုံးတက်၊ရုံးဆင်းလုပ်ဖို့အတွက် လက်ဗွေစက်ကို အသုံးပြုနေတဲ့ အဖွဲ့အစည်းများစွာ ရှိနေပါသေးတယ်။ ဒါပေမယ့် တစ်ခါတလေမှာ စက်ကိုအများကြီးအသုံးပြုတဲ့အခါ ပျက်စီးသွားတတ်သလို စနစ်လည်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ်ကို ရွေးချယ်ခြင်းဟာ ရွေးချယ်မှုကောင်းတစ်ခုလည်းဖြစ်လာပါတယ်။ Online Time Attendance System ကို အသုံးပြုပြီး ဝန်ထမ်းတွေရဲ့ ရုံးတက်၊ရုံးဆင်းချိန်ကို မှတ်တမ်းတင်ထားမယ်ဆိုရင် အရင်ကထက်အလုပ်လုပ်ရတာ ပိုအဆင်ပြေလာပါမယ်။ ဒါ့ပြင် HR ဌာနရဲ့တာဝန်တွေ လျှော့နည်းသွားအောင် စွမ်းဆောင်ပြီး လုပ်ငန်းလည်ပတ်မှု လွယ်ကူလျှင်မြန် အဆင်ပြေစေမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအွန်လိုင်းအချိန်မှတ်တမ်းတင်စနစ်ကို ရွေးချယ်ခြင်းဟာ ရွေးချယ်မှုကောင်းတစ်ခု ဖြစ်မှာဖြစ်သလို ကွာခြားချက်များရှိနေသည်ကို မြင်တွေ့ကြပြီ မဟုတ်ပါလား။
ဒါ့ပြင် လက်ဗွေစက်ဟာ လုပ်ငန်းတွင်းသုံးအတွက်သာ အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ်ကတော့ သင်ဘယ်နေရာရောက်ရောက် ချက်ချင်းဝင်ရောက် မှတ်တမ်းတင်နိုင်ပါတယ်။ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် ဘယ်လိုအလုပ်လုပ်လဲဆိုရင် ကြန့်ကြာခြင်းမရှိပါဘဲ ပိုပြီးတိကျ မြန်ဆန် မှန်ကန်ပါမယ်။ လက်ဗွေစက်ကို အသုံးပြုမယ်ဆိုရင်တော့ အလုပ်လာလုပ်သူတွေများလာတဲ့အခါ ကြန့်ကြာမှုတွေ ရှိလာနိုင်ပါတယ်။ ထို့ပြင် အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် ကို သုံးဖို့ ပိုက်ဆံကုန်စရာ မလိုပါဘူး။ ဒါပေမယ့် လက်ဗွေစက်ကို သုံးမယ်ဆိုရင်တော့ စက်ကိုအရင်ဝယ်ယူရမယ့်အတွက် ကုန်ကျစရိတ် ရှိပါတယ်၊ ဒါပေမယ့် အများကြီးတော့လည်းမဟုတ်ပါဘူး။ နှစ်ခုစလုံးက အလုပ်ချိန် အဝင် ၊ အထွက် တို့ကို ရှင်းရှင်းလင်းလင်း သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ်က သင်အနားယူရမယ့်အချိန် ဒါမှမဟုတ် အလုပ်နောက်ကျရတဲ့အကြောင်းအရင်းကို မှတ်သားထားနိုင်ပါတယ်။ သို့သော်လည်း မည်သည့်အချိန်မှတ်တမ်းတင်စနစ်ကို အသုံးပြုမလဲဆိုတာကတော့ အဖွဲ့အစည်းတစ်ခုစီတိုင်း အပေါ် မူတည်ပါတယ်။ လက်ဗွေစက်ရော အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ်ရောဟာ ဆင်တူတဲ့အတွက်ကြောင့် စည်းကမ်းချက်များအရ ရွေးချယ်လျှင် အွန်လိုင်းအချိန် မှတ်တမ်းတင်စနစ်ကို ရွေးချယ်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။
ယနေ့အချိန်ထိ လက်ဗွေစက်များဟာ လုပ်ငန်းခွင်တွေမှာ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ သို့သော် စနစ်နှောင့်နှေးမှုများကြောင့် အချို့အဖွဲ့အစည်းများမှာ အချိန်ကြန့်ကြာမှုတွေ ရှိနိုင်ပါသေးတယ်။ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ်မှာဆိုရင်တော့ ပိုမိုအဆင်ပြေတာတွေ ရှိတယ်လို့ ပြောလိုပါတယ်။ အချိန်တိကျစွာ မှတ်တမ်းတင်လိုသော အဖွဲ့အစည်းကြီးများအတွက် သင့်လျော်ပါတယ်။ လစာစာရင်းများကို ကြည့်ရှုခြင်းကဲ့သို့သော နည်းလမ်းများစွာဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့နေ့စဉ်အလုပ်တွေကိုလည်း မှတ်တမ်းတင်နိုင်ပါသေးတယ်။
ကျွန်တော်တို့ရဲ့ Jarviz_App ကို စမ်းသပ်အသုံးပြုချင်တဲ့ လူကြီးမင်းများအနေနဲ့ ယခု Register ကိုနှိပ်ပြီး Register ပြုလုပ်ခြင်းဖြင့် Jarviz App (Online Time Attendance System) ကို အခမဲ့အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
Jarviz_Mobile_Application ကို သုံးစွဲချင်တယ်ဆိုရင်ဖြင့် App Store (သို့) Google Play Store မှာ အခမဲ့ download လုပ်နိုင်ပါတယ်ခင်ဗျာ….
Jarviz_Myanmar Facebook Page မှာလည်းသတင်းဆောင်းပါးများဝင်ရောက်ဖတ်ရှုလို့ရပါတယ်ခင်ဗျာ
Leave A Comment